ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊သရုပ်ပြဆရာ၊ဆရာမမောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲနှင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်
မြစ်ကြီးနား မေ ၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ခန်းမဆောင်၌ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမောင်မယ်သစ်လွင် (၄၅)ဦးတို့အား နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များမွေး ထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကကျသကဲ့သို့ တက္ကသိုလ်များဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသကဲ့သို့ ယနေ့ခေတ် လူငယ်လူရွယ်များနှင့် &Read More