ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၀၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်
မြစ်ကြီးနား စက်တင်ဘာ ၂၉ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၁၇)ခုမှ အိမ်ထောင်စု (၂၁၂၅)စု၊ လူဦးရေ (၁၁၄၃၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC စခန်း၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါ အတွင်း နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ခက်ခဲမှု ပိုမိုကြုံတွေ့နိုင်သည်ကို မိမိတို့အနေဖြင့် နားလည်ထားပါကြောင်း၊ ထို့ကြောင့် ထောက်ပံ့မှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း…