ကချင်ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးနှင့် အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၁၄ ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့် လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစားအောင်မြင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ အရည် အသွေးနှင့် ဂုဏ်သိက္ခာကို ဖော်ပြနေဖြင်းဖြစ်၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ကာ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်သွားရေး၊ ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ဆပ် ကော်မတီများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားရေးနှင့် အား ကစားသမားများစနစ်တကျမွေးထုတ်နိုင်ရေး အားကစားနှင့် [&Read More