ကချင်ပြည်နယ်ဝန်ကြီးချုပ်က မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား စက်တင်ဘာ ၁၀ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၉ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြကာ မိုးကောင်းမြို့ အမှတ် (၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကျန်းမာရေး ဝန်ထမ်းများအတွက်…