ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်စီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၉           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်း အနားကို သြဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။           ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်စီဂျင်အိုး များ လှူဒါန်းလက်ခံရရှိနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးသည် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပြည်သူများအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင် စွာကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရာ တွင် လိုအပ်ချက်ရှိသည့် အောက်စီဂျင်အိုးများကို ပေးပို့လှူဒါန်းသည့် ပုဂ္ဂိုလ်များအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား    သြဂုတ်  ၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သြဂုတ် ၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံပြီး တိုင်းရင်း သားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့အသီးသီးအနေဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလအ တွင်း ပြည်သူများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     သြဂုတ် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကသီဒြယ်ကတ်သလစ အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူနာများအား ပြုစုစောင့်‌ရှောက်ပေးနေမှုလုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၇           ကချင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများ၊မြေပြိုကမ်းပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များကြောင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ခံစားရမှု လျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သဘာဝဘေး အန္တရာယ်ကို အစိုးရအဖွဲ့၊ တပ်မတော်နှင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO ၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ သဘာဝဘေးကျရောက်နိုင်ခြေ ရှိ/မရှိ ကြိုတင်အမြဲမပြတ်စောင့်ကြည့်လေ့လာရေးနှင့် သတင်းအ ချက်များလျင်မြန်စွာရရှိရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် တစ်ပြိုင်နက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တုထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၆           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက် မှ ပေးပို့လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများအား သြဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။           ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသော ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေးသုံးပစ္စည်းများ လက်ခံရယူရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်သည် မိမိတို့နှင့်အိမ်နီးချင်းကောင်းပီသ စွာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ယခုလို လက်တွဲကူညီပြီး ကာကွယ်ကုသရေး သုံးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အတွက် ပြည်နယ်သူ/ သားများကိုယ်စား အထူးပင်ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။           ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၅           မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။           မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများက လယ်ကုန်းရပ်ကွက်ဈေး၊ ကျွန်းပင်သာ ရပ်ကွက်ဈေးနှင့် ရွှေညောင်ပင်ရပ်ကွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူ ရေးခြံများမှထွက်ရှိသည့် အသီးအနှံအသားငါးများကို ဒေသတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များသာမက ပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်ရေးနှင့် စိုက်ပျိုးမြေဧရိယာ များအပြည့်အဝစိုက်ပျိုးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သီးနှံပင်များစိုက်ပျိုး ထားရှိမှု၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် တစ်ရှုး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အဖွဲ့အ စည်းအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက်တွင် မြစ်ကြီးနားမြို့ပေါ် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆောင်များသို့ သွားရောက်တွေ့ဆုံအားပေးပြီး စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဆဒုံးဘွမ်အမျိုးသမီးဆောင်နှင့်  ဖုန်ဂမ်ရာဇီအမျိုးသားဆောင်များရှိ  ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိစောင့်ကြည့်မှုအခြေ အနေများနှင့် စေတနာ့ဝန်ထမ်းများအားတွေ့ဆုံ နေထိုင်စားသောက်မှုအခြေအနေနှင့် လိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်ခံရယူခဲ့သည်။           အလှူငွေများ လှူဒါန်းလက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိန်ချုံးခရိုင်အနေဖြင့် မိမိတို့ ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင်အသုံးပြုရန်အတွက် အောက်စီဂျင်စက်များကိုပို့ဆောင်ပေးနေသည့်အပြင် အိမ်နီးခြင်းကောင်း ပီသစွာများစွာအထောက်အကူပေးသည့်အပြင် ယခုလိုလာရောက်ထောက်ပံ့သည့် ကျေးဇူးတင်ရှိ ကြောင်းနှင့် ပြည်နယ်အတွက် လာရောက်ထောက်ပံ့သူများအလုံးကို ပြည်နယ်သူ/သားများကိုယ် စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ်  ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်‌ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။           အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရ မည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းမှူးက တပ်မတော်အနေဖြင့် ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အပြည့်အဝပါဝင်ကူညီ ဆောင်ရွက်နေမှုများ၊ အောက်စီဂျင်လိုအပ်ချက်အတွက်…

Read More