ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်ထွေ/အုပ်ဝန်ထမ်း များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များပေးအပ်
မြစ်ကြီးနား ဇူလိုင် ၃၁ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ သည့်အတွက် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာမိသားစုများ၊ စားသောက်မှုခက်ခဲသော ဘာသာ ရေးကျောင်းများ၊ ပရဟိတကျောင်းများနှင့် နေရပ်စွန့်ခွာစခန်းများအတွက် အခြေခံစားသောက် ကုန်များကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစား သောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာသည်နှင့်အမျှ ပြည်နယ်အ တွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ အပါအဝင် စားသောက်မှုခက်ခဲလျက်ရှိသော မိသားစုများ အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကို မိမိတို့၏ ဝန်ထမ်းမိသားစုများ…