ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၂၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အောက်စီဂျင်လိုအပ်ချက် မြှင့်တက်မှုရှိလာသည်နှင့်အမျှ ပြည်နယ်အတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်က ကိုဗစ်-၁၉ ဖြစ်ပွားမှုများပြား လာသည်နှင့်အမျှ နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက်သည် မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း အောက်စီဂျင်လုံလောက်မှုရှိစေရေးနှင့် ပြတ်လပ်မှုမဖြစ်ပေါ်စေရေး လိုအပ်ချက် များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းအသီးသီးအနေဖြင့် လည်းလိုအပ်ချက်များကိုပံ့ပိုးကူညီပေးနိုင်ရေးအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်…