ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့၌ အား/ကာသိပ္ပံကျောင်းတည် ဆောက်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲသို့ ဆုများတက်ရောက်ချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၁၈ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနားမြို့ ၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲ တက်ရောက် ဆုခြင်းမြှင့်ခြင်းတို့ကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ် နိုင်ရေးအတွက် လျာထားသတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ပိတောက် ပယ်ဖျက်ကွင်းအတွင်းရှိ မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာသိပ္ပံကျောင်းအပါ အဝင် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့် ရေရှည်စီမံကိန်းလုပ်ငန်း&Read More