ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်းကျောင်းအုပ်များအား သွားရောက်အားပေးထောက်ပံ့
မြစ်ကြီးနား မတ် ၂၄ ကချင်ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပညာ မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သင်ကြားနေသော ကျောင်းအုပ်များ အား မတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များအား အခြေခံပညာမူလတန်းကျောင်း အုပ်များအား သင်တန်းဖွင့်လှစ်မှု၊ သင်တန်းတက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ်ပညာရေး မှူးဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက သင်တန်းတက် ရောက်လာကြသည့် မူလတန်းကျောင်းအုပ်များအား ဆရာ၊ ဆရာမများသည် အနန္တဂိုဏ်းဝင်များပင်ဖြစ် ပါကြောင်း၊ အထူးသဖြင့် မူလတန်းတွင် သင်ကြားသော ဆရာ၊ ဆရာမများသည် မိမိတို့ ကလေးငယ်များ ၏ အနာဂတ်အတွက် အဓိကကျသည့် လက်ဦးဆရာများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ [&Read More