
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် Quarantine Centre များ နှင့် Isolation Centre များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပါဝင်ကူညီဆောင်ရွက်နေသူ များအား အားပေးထောက်ပံ့
မြစ်ကြီးနား ဇူလိုင် ၁၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များအတွက် အသွားအလာကန့်သတ်ထားရှိသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများ သီးသန့်ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသူ များအား တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။ မြစ်ကြီးနားမြို့ပေါ်ရှိ Quarantine Centre များနှင့် Isolation Centre များကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်တပ်မတော်အရာရှိကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသည့်သူများအား Quarantine Centre…