
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေသော ကျောင်းသား/သူများအတွက် စားသောက်စရိတ်များထောက်ပံ့ပေးအပ်
မြစ်ကြီးနား မေ ၁၅ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၅ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီး နားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူများအား နေထိုင်စား သောက်မှု အဆင်ပြေစေရေး စားသောက်စရိတ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာ၊ မလိခကျေးရွာခန်းမဆောင်၌ နောင်နန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိနိုင်ငံရေး အခြေအနေမှန်ကို သိရှိနားလည်လက်ခံပြီး မိမိတို့ကျေးရွာများတည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဖွံ့ဖြိုး ရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်…