ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့တွင်း မိန်းလမ်းမ များ စိမ်းလန်းစိုပြေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
မြစ်ကြီးနား မေ ၂ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ယပ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူထုပူးပေါင်းပါဝင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သန့်ရှင်းသာယာလှပရေးအပြင် မြို့ပေါ်ရေဝပ်သည့် ရပ်ကွက်များတွင် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့ပေါ်ရှိ ရှမ်းစုတောင်၊ အေးစေတီ၊ အောင်နန်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ ကျွန်းပင်သာရပ်ကွက်များကိုဖြတ်သန်းပြီး ရေကြည်ချောင်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော အရှည် ၁၅၄၀၀ ပေ၊ အကျယ် ၅ ပေရှိ ကျောက်စီရေနှုတ်မြောင်းဖြစ်သည့် အမှတ် (၄) ပင်မရေနှုတ်မြောင်းအား ရမ်ပူရပ်ကွက်အတွင်း လမ်းသွယ် ၁၃ မှ…