ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်အေရိုးဗစ်အသင်းနှင့် ပြည်နယ်တင်းနစ်အသင်းတို့အား ကြိုဆိုဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၉ ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသော ကချင်ပြည်နယ်အေရိုးဗစ်အသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်အေရိုးဗစ်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ လီဆူတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားအဖွဲ့၊ Fitness Dance အကအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့တို့နှင့်အတူ ဂုဏ်ပြုပန်းကုံး၊ ဂုဏ်ပြုအရုပ်လက်ဆောင်တို့ဖြင့် လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရအေရိုးဗစ်အသင်းအား ကချင်ပြည်နယ် အေရိုးဗစ်အသင်းအနေဖြင့်(၉)ယောက်တွဲနှင့် (၃)ယောက်တွဲတို့တွင် ရွှေတံဆိပ် (၂)ခုရရှိခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့်…