ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစွာရရှိရေးအတွက် စပါးမျိုးစေ့ချကိရိယာ(Seeder)များ၊ စပါးမျိုးသန့်မျိုးစေ့အိတ်များနှင့် သွင်းအားစုများအား မြို့နယ်များအလိုက် တောင်သူများထံဖြန့်ဝေပေးအပ်၊ မြစ်ရေမြင့်တက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ရေဘေးကယ်ဆယ်ရေးတပ်ဖွဲ့များ စနစ်တကျစုဖွဲ့ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၈ ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များအသုံးပြု၍ စိုက်ပျိုးနိုင်ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ယမန်နှစ်က စပါးစိုက်ဧက စုစုပေါင်း (၄၇၄၄၇၇) ဧကရှိသည့်အနက် ကြဲပက်စိုက်ပျိုးဧက (၁၇၉၄၁၆) ဧကတွင် တစ်ဧကအထွက်နှုန်း (၆၆ ဒဿမ ၅၈) တင်းသာရရှိခဲ့ကာ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးဧက (၈၈၂၀၄)ဧကတွင် တစ်ဧကအထွက်နှုန်းအနေဖြင့် (၉)တင်းခန့်ပိုမိုထွက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်သင့်တော်သည့် နည်းလမ်းများအသုံးပြုခြင်း၊ မျိုးကောင်း မျိုးသန့်နှင့်…