ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားပါက ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပေါ် လေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက် များအတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်းမှ မြစ်ကြီးနားမြို့အား ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ထားရှိမှုအခြေအနေများ၊ မြို့ဧရိယာအတွင်းရှိ ရေထုတ်မြောင်းမကြီး များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရေထွက်ပေါက်အခြေအနေများနှင့် ဧရာဝတီမြစ်ရေစီးကြောင်း ပြောင်းလဲတိုက်စားနိုင်မည့် အခြေအနေများအပေါ် ကြိုတင် ကာကွယ်သွားရမည့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက်…