
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၂ ကချင်ပြည်နယ်၏ ဘောလုံးအားကစားသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူး၍ ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် (၃)လကြာ ကျင်းပပြုလုပ်ခဲ့သည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲ စဉ်နှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ အမှတ်ပေး ဖလားနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် Kachin Real နှင့် Junior Star ကလပ်အသင်း တို့မှ အုပ်ချုပ်သူ၊…