ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြား
မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်း အနားသည် (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ ပြည်နယ်တွင်လည်း စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို…