ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၅           နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နေပြည်တော်တွင် ခမ်းခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ နည်းတူ မိမိတို့ ပြည်နယ်ကိုယ်စားပြု တာဝန်ကျေပွန်စွာဖြင့် စည်းကမ်းတကျ ပါဝင်ခဲ့သော အဖွဲ့ဝင်များအားလုံးအား မိမိတို့အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြု ပြောကြားသည်။           ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး Victory Garden တိရိစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသူများဖြစ်ပါကြောင်း၊ ယနေ့ တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခုတည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်နိုင်မည့် အစီ အမံများကို ညှိနှိုင်းဆွေးနွေးကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ-တရုတ်ကုန် စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်/ သွင်းကုန်များ တင်သွင်းနိုင်ရေး အတွက် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်‌ရေး လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကန်ပိုက်တီနယ်စပ် မှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ စတင် ဆောင်ရွက် လာခဲ့ရာ မိမိတို့ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိလာနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့အပြင် ပို့ကုန်/သွင်းကုန်များအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်ပို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၂           ကချင်ပြည်နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အဆိုပါအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူများအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။           ထို့နောက် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်ဘောက်ဂျာက နိုင်ငံရေး အပြောင်းအလဲကာလအတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နှင့် ဖီမော် ဒေသတို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက် ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲရုံးသစ်အ‌ဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားကာ သိက္ခာတော်ရဆရာတော်များက အဆောက်အအုံသစ်အတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာအမာမော်နိုင်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ICRC တာဝန်ခံတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ချီဖွေမြို့နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ တစ်ဆင့် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအများပိုင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KEP ကုမ္ပဏီဝင်းအတွင်း မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်‌ရေးအတွက် မော်တော်ယာဉ်များအပါအဝင် တရုတ်ပြည်သို့ တင်ပို့မည့် ကုန်စည် များအား သိုလှောင်ရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် ချီဖွေမြို့သို့ သွားရောက်ခဲ့ကြပြီး ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး…

Read More

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲကျင်းပပြုလုပ်

မြစ်ကြီးနား                 ဖေဖော်ဝါရီ ၁၇ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့  ကူးသန်း သွားလာလျက်ရှိသော ကုန်သွယ်ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ KEP Logistics Co,ltd အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ   ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တက်ရောက် အမှာစကား ပြောကြားသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းနှင့် နယ်စပ်ဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိတဲ့ ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက် များအနေဖြင့် နှစ်နိုင်ငံသဘောတူထားတဲ့ စည်းမျဥ်း စည်းကမ်းများနှင့်  ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား      ဖေဖော်ဝါရီ ၁၇             ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။             အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ပြိုင်ပွဲဝင် အသင်းပေါင်း ၇ သင်းဖြင့် စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတ ရေးရာဝန်ကြီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ သယံဇာတရေးရာဝန်ကြီးဌာနဘောလုံးအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုပွဲနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၆           ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်နယ်မှ သွားရောက်ပါဝင်ခဲ့ကြသော တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအကအဖွဲ့များအား ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။            ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားတွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ အပြုံးပန်းများဖြင့် ပါဝင်ကပြဖျော်ဖြေပေးခဲ့ကြသည့်အတွက် ပြည်နယ်ကိုယ်စား ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံ့တာဝန်များကို ပြည်ထောင်စုစိတ်ဓာတ် ဖြင့် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်အောင်ထမ်းရွက်ကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။           ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပြီး အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာဖွင့်လှစ်နိုင်ရေးနှင့် အားကာသိပ္ပံကျောင်း အဝင်လမ်းပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အေရိုးဗစ်အသင်းအား ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကား ပြောကြား သည်။           ရှေးဦးစွာ လက်ရွေးစင်အသင်းနည်းပြ ဒေါ်ဘတ်တီဆိုင်းဆန့်က လက်ရွေးအသင်း၏ ပြိုင်ပွဲ ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် တံခွန်စိုက်ဒိုင်းဆုများစွာ ဆွတ်ခူးထားရှိသည့် သမိုင်းအစဉ်အလာကောင်းများစွာရှိပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်ကြ မည့် လက်ရွေးစင်အသင်းအနေဖြင့် အကောင်းမွန်ဆုံးယှဉ်ပြိုင်သွားကြရန် လိုအပ်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။…

Read More