ကချင်ပြည်နယ်၀န်ကြီးချုပ်က (၇၅) နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဥ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၂၁ ၇၅နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကချင်ပြည်နယ်၏ “တူယှဥ်နွဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ရက် နံနက် ၁၀နာရီအချိန်က မြစ်ကြီးနား မြို့ မြို့တော်ခန်းမမှာကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အစိုးရအဖွဲ့ဝင်ပြည်နယ် ဝန်ကြီးများ၊ပြည်နယ်ဥပေဒေချုပ် နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အဆိုဝါသနာရှင်များတက်ရောက်ခဲ့ကြပါတယ် ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပတဲ့ အဆိုပြိုင်ပွဲဟာ ၂၀၂၂ခု နှစ်ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင်ကျရောက်မည့် ၇၅ နှစ်စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဥ်ဖြင့် ကျင်းပပြုလုပ်တဲ့ “တူယှဥ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်း သီဆိုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ယှဥ်ပြိုင်နိုင်ဖို့အတွက် အဆိုပညာရှင်များ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲအား ၇၅နှစ်မြှောက်စိန်ရတုပြည်ထောင်စုနေ့ကို ပြည်သူများမှတ်မှတ်ထင်ထင် သိရှိစေပြီးစစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရန် နှင့်ကိုဗစ်ရောဂါ ကာလ အတွင်း ကိုယ်စိတ်နွမ်းနယ်လျက်ရှိတဲ့ပြည်သူများ အားဖျော်ဖြေပေးနိုင်ရန်အတွက် ရည်ရွယ်၍…