ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးနှင့် အသင်းအဖွဲ့တည်ထောင်ဖွဲ့စည်းပေး
မြစ်ကြီးနား စက်တင်ဘာ ၃၀ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် တောင်သူများဘဝ အဆင်ပြေစေရေး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းပေးမှုများ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းကို တည် ထောင်ဖွဲ့စည်းပေးခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တောင်သူများ အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့၏ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားအောင် ထုတ်လုပ်နိုင်ရေးနှင့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ မိသားစုတစ်စု တည်းဖြင့် ရပ်တည်ဖြေရှင်းရန် ခက်ခဲသည့်အတွက် မဖြစ်မနေ အသင်းအဖွဲ့တစ်ခု တည်ထောင် ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာ…