ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးမျိုးစိုက်ထည့် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား သြဂုတ် ၂၄ ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၃ ရက်တွင် ပူတာအိုမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပူတာအိုမြို့ မြို့မဈေး၌ Mask Campaign ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊ ဌာနဆိုင်ရာများစုပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်း သွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask…