ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ဧရာဝတီမြစ် ကြောင်း ထိန်းသိမ်းရေးနှင့် မြစ်ကမ်းထိန်းနံရံဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် စက်သုံးဆီချွေတာရေးအတွက် ယာဉ်အသွား/အလာထိန်းသိမ်းကြပ်မတ်မှုနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား မတ် ၁၃ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနစုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ အေးချမ်းစွာကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်သည့် ကျောင်းသား/ ကျောင်းသူများအား ဘေးကင်းလုံခြုံစွာ…