ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား မေ ၅ နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သည့် အနော်ရထာမင်းစော လက်ထက်မှ စတင်၍ ခေတ်အဆက်ဆက်နိုင်ငံတော်အတွင်း မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့သည့် အချိန်တိုင်းတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သက်စွန့်ကြိုးပမ်း၊ အစွမ်းကုန်အားထုတ်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းမျာကို ဆက်လက်ထိန်းသိမ်းပြီး တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူအားကိုးရသည့် တပ်ဖွဲ့ကြီးအဖြစ်…