ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရန် ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇန်နဝါရီ ၂၆ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေရင်းနှီး မတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ (ထော့ရှယ်)စက်ယက္ကန်းရုံတွင် ရိုးရာအဝတ်အထည်များနှင့် အထည်အမျိုးမျိုး ယက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီ‌ထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လိုအပ်ချက်များအား ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား       ဇန်နဝါရီ  ၂၅ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေ ရင်းနှီးမတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဝိုင်းမော်မြိုနယ်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) အတွင်းရှိ ဦးရွှေကော်၏ မိသားစုတစ်ပိုင်တစ်နိုင် ပန်းပဲလုပ်ငန်းဖြင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ ရှမ်းမောင်နှမ နို့စားနွား မွေးမြူရေးလုပ်ငန်းနှင့် နွားစာအဖြစ်နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ဦးလဖိုင်ခွန်ဆက်၏ ဒေသနွားမွေးမြူထားရှိမှုအခြေအနေများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၅ ကချင်ပြည်နယ်အတွင်း အသက်အရွယ်အုပ်စုအလိုက် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပြည်နယ် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ် ကို‌ဗစ် – ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသက် (၁၈)နှင့် အထက် ပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ အသက်အရွယ်အုပ်စု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား       ဇန်နဝါရီ ၂၄             ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ၊ ပြည်နယ် စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအတွင်းရှိ  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး‌ခဲ့ကြသည်။             ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အကျဲကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဆွတ်ရှနန် သဘာဝမြေသြဇာစက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သဘာဝမြေသြဇာများ ထုတ်လုပ်ရောင်းချနေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကုန်ကြမ်းများလွယ်ကူစွာရရှိရေးနှင့် သဘာဝ မြေသြဇာများ အရည်အသွေးကောင်းမွန်၍ ဈေးကောင်းရရှိစေရေးတို့အား လမ်းညွှန်မှာကြားပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့် တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စက်မှု လက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုအတွင်း တောင်သူ ဦးကြည်လင်၏ လယ်မြေ ၄ ဧကပေါ်တွင် ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းသီး၊ ကိုက်လန် စသည့် ဟင်းသီးဟင်းရွက်များ စိုက်ခင်းများ စိုက်ပျိုး‌‌အောင်မြင် ဖြစ်ထွန်းနေမှုအား လှည့်လည်…

Read More

မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၂၀           မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်များ လျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေ‌ရေး တို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) အား ဇန်နဝါရီ ၂၀ ရက် နံနက် ၉နာရီခွဲက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။           ‌ရှေးဦးစွာ ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သော မိုင်းအန္တရာယ်အသိပညာပေး ဆောင်…

Read More

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)/ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုပြီး ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းများအား အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ စာမေးပွဲတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁)/ ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဂုဏ်ပြုတွေ့ဆုံပြီး ရင်ထိုးတံဆိပ်များတပ်ဆင် ပေးခဲ့ကြသည်။           ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်လေးက ယနေ့ စီမံ(၁)/ဒုတိယဦးစီးမှူးရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသူများအနေ ဖြင့် လုပ်ငန်းခွင်အတွင်း လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့ကျင့်မှတ်သားပြီး ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်သည့် ဦးစီးအရာရှိများ ဖြစ်လာကြရန် ကြိုးစားကြစေလိုကြောင်း တိုက် တွန်းမှာကြားသည်။           ထို့နောက် အရည်အချင်းစစ်စာမေးပွဲအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆပ်ကော်မတီ အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၁၉           ကချင်ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဘက်စုံ၊ ထောင့်စုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အားကစားဆပ် ကော်မတီအသီးသီးတို့အား ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစား အောင်မြင်မှုသည် ပြည်နယ်၏ ဂုဏ်မြှင့် တင်ရေးကို တိုက်ရိုက်အထောက်အကူပြုလျက်ရှိသည့်အပြင် ပြည်နယ်သူ/ ပြည်နယ်သားများ၏ ထူးချွန်ထက်မြက်မှုနှင့် ထိုထူးချွန်ထက်မြက်မှုများကြောင့် ပေါ်ထွက်လာသည် ပုံရိပ်ကောင်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ပျံ့နှံ့၍ သိရှိစေပါကြောင်း၊ ယနေ့ ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ ၁၈            နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများမတည် ထောက်ပံ့ထားရှိအခြေအနေနှင့် ဆက်လက်မတည်ထောက်ပံ့သွားမည့် လုပ်ငန်း များအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်  ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမတည်  ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး  ၇ ဘီလီယံကို လုပ်ငန်းစီမံကိန်းကဏ္ဍများအလိုက် လွှဲပြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃) သီးစနစ်ဖြင့် ပညာပေးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နေကြာသီးနှံစိုက်ပျိုးထားရှိမှု နှင့် အင်ဂျန်ခချောင်း ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်အတွင်း စိုက်ပျိုးရေး အသိပညာပေး စံပြစိုက်ကွင်းတစ်ခု တစ်နှစ်ပတ်လုံး သီး(၃)သီးစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်းရေကြီးရေလျှံမှုကြောင့် သီးနှံဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနှုတ်မြောင်းအဖြစ် အရှည်ပေ (၁၀၀၀၀) ကျော်အား အနက် ၅ ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊…

Read More