ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် ခရိုင်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တွေ့ဆုံပွဲများနှင့် ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီစခန်းများအတွက် ထောက်ပံ့ငွေများပေးအပ်
မိုးညှင်း ဇူလိုင် ၃၀ ကချင်ပြည်နယ်၏ စပါးကျီခရိုင်တစ်ခုဖြစ်သည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်မားလာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ်တို့သည့် မိုးညှင်းတပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်၊ ကော လိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့်အတူ မိုးညှင်းမြို့ မြို့တော်ခန်းမဘေးရှိ မြေကွက်လပ်တွင် ရတနာတန်းဝင် ကျွန်းပင်၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊…