ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပို့ကုန်/ သွင်းကုန်များနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၂၇ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်စည်တင်ပို့ရာတွင် ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်သီးနှံ ပို့ကုန်များနှင့် သီးနှံထုတ်ပိုး သည့် သွင်းကုန်ပစ္စည်းများအတွက် ကုန်စည်စီးဆင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်မှ ထွက်ရှိ သည့် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့်အပြင် စိုက်ပျိုးရေးသုံး ပစ္စည်းသွင်းကုန်များ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း တရုတ်နိုင်ငံမှ သွင်းကုန် အဖြစ် တင်သွင်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် စိုက်ပျိုးရေးသီးနှံ ပို့ကုန်အမယ်သစ်များ အပါအဝင် ရှောက်ကောသီးနှံတိုးချဲ့တင်ပို့နိုင်ရေး ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး…