ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
မြစ်ကြီးနား ဒီဇင်ဘာ ၂၈ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးထုတ်ဝေသည့် နှစ်ပတ်လည် မဂ္ဂဇင်း အောင်မြင်စွာထုတ်ဝေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများအား ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။ မဂ္ဂဇင်းစာအုပ်များအပ်နှံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲတွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာအကြီးကိုကို(ကသာ)က (၇၅)နှစ် မြောက်စိန်ရတုနှစ် အထိမ်းအမှတ် ကချင်ပြည်နယ်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပုံနှိပ်ပြီးစီးခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို…