နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း အထင်ကရနေရာများအား သွားရောက်လေ့လာ၊ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက်အောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေး
မြစ်ကြီးနား ဇန်နဝါရီ ၁၁ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ ဂုဏ်ပြုတက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အထင်ကရနေရာများ သွားရောက်လေ့လာခဲ့ကြပြီး ကချင်အနုပညာရှင်အသင်းချုပ် ဗဟို ကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက်အောင်မြင်လာစေရေး ဆောင် ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး…