
မြစ်ကြီးနားမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကျင်းပ
မြစ်ကြီးနား သြဂုတ် ၁၁ ကချင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)တို့ပူးပေါင်း၍ ဒေသတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)ရှိ သင်တန်းခန်းမ၌ သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက မိတ်ဆက်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဟန်စောလင်းက ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက်ဖွင့်လှစ်ပေးသွားမည့် သင်တန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်လှိုင်၊ လူမှုဖူလုံရေးအဖွဲ့ ပြည်နယ်ဦးစီးမှူး ဒေါ်ဘေဘီစိုး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်…