ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက် အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား ဧပြီ ၂၅ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း ၍ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ၁၄ ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူ လူထုများအား တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် Working Group အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂေါ်ရခါး၊ ဆစ်ဘာသာရေးအဖွဲ့ဝင်များ၊ သူနာပြုနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား (၇၆၀)ကျော်…