ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတို့မှ လှူဒါန်းသည့် Oxygen Concentrator များ နှင့် ကာကွယ်ရေးသုံးပစ္စည်းများကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၇           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ Oxygen Concentrator များနှင့် ကာကွယ်သုံးပစ္စည်းများ လှူဒါန်းမှုကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ပြုလုပ်သည်။           ရှေးဦးစွာ Tengchong(ထိန်ချုံး) Federation of Returned Overseas Chinese နှင့် Red Cross Society of Tengchong City အဖွဲ့များမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေး သုံးပစ္စည်းများလက်ခံရယူရာတွင် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီနိုင်ရေး၊ ဈေးကွက်ရရှိရေးတို့အတွက် တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၆           ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန် ရာသီပေါ် ဟင်းသီးဟင်း ရွက်စိုက်ပျိုးသည့် တောင်သူများ စီးပွားရေးအဆင်ပြေစေရေးနှင့် ဈေးကွက်ရှာဖွေပေးနိုင်ရေး ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။           တောင်သူများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရာသီပေါ်သီးနှံ စိုက်တောင်သူများအနေဖြင့် နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေးဒဏ်များ၊ အခက်အခဲများ၊ စနစ် ကျသည့် စိုက်ပျိုးနည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် မြို့နယ်ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအသင်းတစ်ခုကို ထူထောင်၍ မိမိ တို့အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က လယ်ကုန်းဇီးအွန် IDPs စခန်းနေမိသားစုများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ဆန်၊ စားနပ်ရိက္ခာများနှင့် အိမ်မွေးဝက်သားပေါက်များ ထောက်ပံ့

မြစ်ကြီးနား     စက်တင်ဘာ ၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန်နေရပ်စွန့်ခွာအိမ်ထောင်စုများ နေထိုင်ရာ IDPs စခန်း သို့သွားရောက်ပြီး ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခဲ့သည်။           ဇီးအွန် IDPs စခန်း၌ စခန်းတာဝန်ရှိသူများ၊ နေရပ်စွန့်ခွာပြည်သူများ မိသားစုများနှင့်တွေ့ ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် တစ်ပိုင်တစ်နိုင် အိမ်မွေးတိရိစ္ဆာန်များ မွေးမြူနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိသားစု များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အထူးဂရုပြုကာကွယ်ကြရန်လိုကြောင်းနှင့် လိုအပ်သည် များကို မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက် လွှဲပြောင်း/ လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၄           ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက် လွှဲပြောင်း/လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပြုလုပ်သည်။           ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေရေးစက် လွှဲပြောင်း/လက်ခံဆောင်ရွက်သွား မည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် စဉ်ဆက်မပြတ် လှူဒါန်းပေးသည့်အပြင် မိမိတို့မှ မှာယူသည့် ပစ္စည်းများကို လွယ်ကူ လျင်မြန်စွာ…

Read More

မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရပ်ကွက်၊ကျေးရွာ အုပ်စုများ အလိုက် ဖွင့်လှစ်ထားဆောင်ရွက်ထားသည့် ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၃           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်များအလိုက် စေတနာ့ဝန်ထမ်းအစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာရှိ တြီနီတီနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းအတွင်း နောင်နန်းကျေးရွာ၊ ပလန ကျေးရွာများအတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်‌ရှောက်ရေးစခန်းဖွင့်လှစ်ထားရှိမှု အခြေအနေကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို စက်တင်ဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ ကချင်တိုင်းရင်းသားအများပိုင်ကုမ္ပဏီ၊ ပြည်နယ်ကုန်စည်ပို့ဆောင် ရေးအသင်း၊ ပြည်နယ်သီးနှံထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်စိုက်ပျိုး ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်ရေး အတွက် ယူနန်ပြည်နယ်နှင့် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများပြုစု စောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်  ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ် ရေးသုံးပစ္စည်း၏ ကိုဗစ်-၁၉အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေး ခြင်းလုပ်ငန်းကို စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသည် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် အတွင်းရှိ မြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းတော်(ကချင်ပြည်နယ်အသင်းတော်များရုံးချုပ်)ဝင်း အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု နှင့် လူနာအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေကြ သည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၁           ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်  ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ သြဂုတ် ၃၁ ရက် နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ လိုက်လံဖြန့်ဝေခဲ့ ကြပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး ခဲ့ကြပြီး အဆိုပါရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင် နေရပ်စွန့်ခွာပြည်သူများရှိရာစခန်းသို့ သွား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၁           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ် နှံမှုကော်မတီအစည်းအ‌ဝေး (၅/၂၀၂၁)ကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအလွန် ပြည်နယ်၏ စီးပွားရေးကို ကုစားနိုင်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ချိတ်ဆက်၍ ဖိတ်ခေါ်‌ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက် ၍ လျှောက်ထားတင်ပြလာမှုများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊…

Read More

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၃၁           ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်စီမံကိန်း လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများတိုးတက်မြင့်မားလာစေရေးတို့အတွက် ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာ ရှင်များဖြစ်သည်နှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုအတွက် ပြည်သူများကို တိုက်ရိုက် အကျိုးပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့်…

Read More