ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗန်းမော်ခရိုင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိ သောတက္ကသိုလ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့
ဗန်းမော် မေ ၁၂ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေ များပေးအပ်ခြင်းကို မေ ၁၁ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့် ဆောင်၊ တာဝန်ရှိသူများလိုက်ပါလျက်ရှိ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ပါမော က္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အခက်အခဲအနှောင့်အယှက်များစွာရှိသော်လည်းမိမိတို့၏အနာဂတ်လူငယ်မျိုးဆက် သစ်များ၏ ပညာရေးအတွက် ကြိုးပမ်းသင်ကြားပေးလျက်ရှိသော ဆရာ/ ဆရာမများအား မှတ်တမ်း တင်ဂုဏ်ယူအပ်ပါကြောင်း၊ မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားရေးဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အားလုံးနှင့် လက်တွဲညှိနှိုင်း၍ အပြည့်အဝ…