ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားတက္ကသိုလ် ပုရဝုဏ်အတွင်း ဌာနဆိုင် ရာများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ပြီး ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၂၇ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ်မြတ်သက်ဦးတို့က နိုဝင်ဘာ ၂၇ ရက် နံနက် ၇ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္က သိုလ်ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းကို ဌာနဆိုင်ရာဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များက မြစ်ကြီးနားတက္ကသိုလ် ပုရဝုဏ်အတွင်းရှိ စာကြည့်တိုက်၊ သုတေသနဌာန၊ ဘွဲ့နှင်း သဘင်ခန်းမနှင့် စာသင်ဆောင်များအကြားရှိ သစ်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ဟောင်းများအဖွဲ့မှ ကချင်ရိုးရာဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးမှုကို အားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည်…