ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၇           ကချင်ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေး ကျောင်းများနှင့် မျက်မမြင်ကျောင်းသို့ ဆန်၊ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း များကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များဖြစ်ကြသည့် ဦးလောဆန်းနှင့် ဦးခွန်သန့်ဇင်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ပြီး ဂေဟာ တာဝန်ရှိသူများ၊မိဘမဲ့ကလေးများအား ပြည်နယ်ဝန်ကြီးချုပ်က ခရစ်စမတ်ကာလအတွင်း မိဘမဲ့ ဂေဟာများနှင့် မျက်မမြင်ကျောင်းများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ လှူဒါန်းရခြင်းဖြစ်ကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြောကြားပြီး အလှူရှင်များနှင့်အတူ ဆန်၊ ဆီ၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။           အလားတူ…

Read Full News

(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းကို နှစ်စဉ်နှစ်တိုင်း ထုတ်ဝေခဲ့ပါကြောင်း၊ ယနေ့ခေတ် ကာလအခြေအနေအရ အချို့သောမီဒီယာများ၏ မှန်ကန်မှုမရှိသည့် သတင်းများ လွှမ်းမိုးမှုကြောင့် ပြည်သူများ သတင်းအချက်မှန်ကန်စွာ သိရှိနိုင်မှု နည်းပါးလာသည့်အတွက် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်နှင့် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် လုပ်ဆောင်ချက်များ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက်မှုများကို…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အားကစားအလိုက် သင်တန်းဆင်းပွဲမှ နည်းပြများနှင့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများအလိုက် ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် ဖွင့်လှစ်သင်ကြားခဲ့သည့် အားကစားနည်း(၈)ခု၏ သင်တန်းဆင်းပွဲနှင့် ဆပ်ကော် မတီဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           သငတွနွးဆငွးပှဲတှငွ ပှညနွယဝွနကွှီးခှုပွ ဦးခကထွိနနွနကွ ဆောငွးရာသီအားကစားပှဲ တောအွဖှဈ အားကစားသငတွနွးတှကေို ဖှင့လွှဈပေးခှငွးဖှင့ွ လူငယမွှားအခှိနကွို အကှိုးရှိစှာ အသုံးခနှိုငခွှငွး၊ ဝါသနာပါရာ အားကစားနညွးကို အခှခေံမှစ၍ စနဈတကှ သငကွှားလေ့ကငှ့နွိုငွ ခှငွးတို့ကှောင့ွ ကောငွးမှနသွည့ွ လမွးကှောငွးပေါတွှငွ အားကစားနညွးဖှင့ွ တည့မွတပွေးနိုငွ သည့အွတှကွ ယခုလိုအကှိုးရှိသည့အွားကစားသငတွနွးမှားအောငမွှငစွှာဖှင့လွှဈနိုငရွေးပူးပေါငွး ဆောငရွှကပွေးခဲ့ကှသူမှားအားလုံးကို…

Read Full News

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာအတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မိုးစပါးစံပြစိုက်ကွက်အတွင်း ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာ အတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့်  ရိုးရာကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။           ရိုးရာကောက်သစ်စားပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူတို့၏ လယ်မှ တစ်နှစ် တာအတွင်း ပထမဆုံးထွက်ရှိသည့် စပါးကို ကြိတ်ခွဲကာ ဦးစွာရရှိသည့် ဆန်ဖြင့် ကျွေးမွေး စားသောက်ခြင်းဖြင့် ကောက်သစ်စားပွဲအဖြစ် ဆောင်ရွက်ခြင်းကို နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ ပါကြောင်း၊ ယခုနှစ် ကောက်သစ်စားပွဲတော်ကို မိမိနိုင်ငံ၊ မိမိတို့ ပြည်နယ်အတွက်…

Read Full News

မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပမှုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးစီး ကျင်းပသည့် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကို ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲတွင် ခေမာသီရပ် ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။           ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနားကို ရှမ်းအလံတော်အား အလေးပြုဖွင့်လှစ်ကာ ရှမ်းတိုင်းရင်း သားလူငယ်၊ မောင်မယ်များက ရှမ်းရိုးရာတေးသီချင်း သီဆိုဖျော်ဖြေကြပြီး ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် ကျန်း မာရွှင်လန်းကြပါစေကြောင်းနှင့်စီးပွားရေးလာဘ်လာဘများ ကောင်းမွန်စေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကိုဗစ်ကာလဖြစ်သော်လည်း စည်းကမ်းချက်များနှင့်အညီ ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စု (၅)စု၏…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူအဆောင်များ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     ဒီဇင်ဘာ ၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူအဆောင်များနှင့် စာသင်ဌာနများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တက္ကသိုလ်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း  ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များက ကျောင်းသား/ ကျောင်းသူအဆောင်များဖြစ်သည့် ဆွမ်ပရာဘွမ်ဆောင်၊ ဆဒုံးဘွမ်ဆောင်၊ အင်ခိုင်ဘွမ်အဆောင် ပတ်ဝန်းကျင်များနှင့် ရုက္ခဗေဒဌာနတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူသိမ်း ဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တက္ကသိုလ်ပတ် ဝန်းကျင်သာယာလှပရေး၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံစွာ တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ်လေ့ကျင့်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃           ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မနောဧရာရေကူးကန်၌ နိုဝင်ဘာ ၁၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် ဘေးအန္တ ရာယ်အမျိုးမျိုး၏ စိန်ခေါ်မှုများ ကြီးမားလာသည်နှင့်အမျှ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ထက် မြက်ရေးသည်လည်း ယခင်ကနှင့်အတူပို၍အရေးကြီးလာပါကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် များ၏စွမ်းဆောင်ရည်သည် ပြည်သူလူထုအတွက် အကာအကွယ်ပေးရန် လိုအပ်ချက်နှင့်အတူ အရေးကြီးလာရခြင်းဖြစ်ကြောင်း၊ အသက်ကယ်နည်းစနစ်များကို တတ်မြောက်ရုံသာမက လေ့ ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ IDPs စခန်း (၇၃)ခုမှ အိမ်ထောင်စု (၆၉၉၉)စု၊ လူဦးရေ ၃၆၈၂၂ ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၃           ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနေထိုင်ရာ IDPs စခန်းနေ အိမ်ထောင် များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ(၁)လစာကို ထောက်ပံ့ ပေးလျက်ရှိရာ ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်း IDPs စခန်း၌ ပြည်နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။           ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပေးအပ်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ အစိုးရအဖွဲ့အနေဖြင့် IDPs စခန်းနေ ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်နေ ရာချထားပေးရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နေရပ် စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်ကိုလည်း စဉ်ဆက်မပြတ် ကူညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့်…

Read Full News

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ပိုမိုလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ရေး နှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းဆွေး‌နွေးပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း လူဦးရေအားဖြင့် ၁၄ သိန်းကျော် ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန်ဆေးထိုးအစီအစဉ်ထက် ပိုမိုလွှမ်းခြုံစွာထိုးနှံ ပေးနိုင်ရေး၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် စည်းကမ်းချက်များနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် တင်းကြပ်စွာဆောင်ရွက်ကြရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးကြရေး တိုက်တွန်းမှာကြားသည်။           ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၂၉           ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစား၌ ကျင်းပသည်။           အဆိုပါ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကို ကလပ်အသင်းပေါင်း ၁၆ သင်းဖြင့် နိုဝင်ဘာ ၂၄ ရက် တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် ဦးလှမြင့်ကလပ်အသင်းနှင့် အိုလံဗစ်(ခ) ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြပြီး ဦးလှမြင့်ကလပ် အသင်းက အနိုင်ရဗိုလ်စွဲသည်။           ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က…

Read Full News