ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဒေသခံပြည်သူများနှင့်အတူ ရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်
မြစ်ကြီးနား ဧပြီ ၁၃ မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၌လည်း ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည့် ဗဟိုမဏ္ဍပ်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၁)ဖွဲ့နှင့် ဒေသခံပြည်သူအများအပြားတက်ရောက်ခဲ့ရာ အခမ်းအနားမှူးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဆင်နွှဲရခြင်း၏ အဓိပ္ပါယ်နှင့်အနှစ်သာရကို ရှင်းလင်းဖတ်ကြားရာ ပုဂံဝင်းအဖွဲ့က ပုဂံခေတ်သင်္ကြန်၏ သရုပ်ဖော်ပုံကို ပြသခဲ့ကြသည်။ ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်…