ကချင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မြစ်ကြီးနား ဇွန် ၂၉ ကချင်ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်သံဃာ့နာယကအဖွဲ့၊ အကျိုးဆောင်နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပြည်နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိဝန်းသိုကျောင်းတိုက် ပဓါနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာက သြဝါဒကထာ မြွက်ကြားပြီး ပြည်နယ်အစိုးရအဖွဲ့ ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က အလုပ်ရုံဆွေးနွေးနှင့်ပတ်သက်၍ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများကလည်း သာသနာပြုတာဝန်တစ်ရပ်ကဲ့သို့ ခံယူမှတ်သားလျက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြသည်။ ထို့နောက် အကျိုးဆောင်နာယကဆရာတော်များဦးဆောင်၍ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် ရဟန်းသံဃာတော်များ…