ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သော ကချင် ပြည်နယ်အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  ဇွန် ၁၂           တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ် ကိုယ်စားပြု လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် စတုတ္ထဆုကိုရရှိခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်အသင်းအနေဖြင့် ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိတက်ရောက်ကာ စတုတ္ထဆုကို ရယူနိုင်ခဲ့သည့်အတွက်  ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပံ့ပိုးကူညီသူအားလုံးကို ယနေ့အခမ်းအနားဖြင့် ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ပြည်နယ်၏ဘောလုံးအားကစားသည် လူငယ်များ၏အရည်အချင်းပိုမိုတိုးတက်လာစေရေးနှင့် အနာဂတ်ပြိုင်ပွဲများတွင် ပိုမိုအောင်မြင်မှုအောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က စတုတ္ထဆုရ ပြည်နယ်ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၅၀၀၀၀၀ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။           ထို့နောက် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွေ့အကြုံများကိုလည်းကောင်း၊ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားကိုလည်းကောင်း…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေဇုံကဲ့သို့ ဖွံ့ဖြိုးလာစေရန် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရမည့် ဗလမင်းထင်အမှတ်(၂) တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက်  ကမ်းထိန်းလုပ်ငန်းများနှင့် ရေကြည်ချောင်းရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇွန် ၁၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးဇုံနေရာ တစ်ခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငါးမွေးမြူရေးကန်ဟောင်းနေရာအား ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် အသားတိုးကြက် မွေးမြူရေးခြံများအား ယနေ့နံနက်(၇)နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး‌ခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာ မြစ်ကြီးနား မြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပလန-၄ ယုဇနမြိုင်ကျေးရွာအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခြံဟောင်း နေရာသို့ သွားရောက်ပြီး ခြံဟောင်းအတွင်း ယခင်ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးရွာရပ်မိ/ ရပ်ဖများအား မေးမြန်းဆွေးနွေးခဲ့ကြပြီး ငါးကန်ဟောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ငါးမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြုပြင်ဆောင်ရွက်၍ မွေးမြူရေးလုပ်ငန်းများ…

Read Full News

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့် အဆိုတစ်ခု ထပ်မံတင်သွင်း

မြစ်ကြီးနား ဇွန် ၁၁           တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။           ထို့နောက် ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးဖိုးပါကြွယ်၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးနေလင်းစိုး၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာသိန်း၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၂) ဦးချန်းဂျောင်ဆားရ်၊…

Read Full News

မြစ်ကြီးနားမြို့၌ အခြေခံတိုင်းရင်းဆေးပညာ သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား ဇွန်  ၁၁           ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးနိုင်ရေး၊ ပြည်သူလူထုအတွင်း တိုင်းရင်းဆေးပညာအခြေခံများ စိမ့်ဝင်ပျံ့နှံစေရေးရည်ရွယ်၍ မြစ်ကြီးနားမြို့၌ (၃)ရက်ကြာ ဖွင့်လှစ်သွားမည့် အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။           အဆိုပါ  သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ကချင်ပြည်နယ်အတွင်းမှာ ဒေသထွက်ဆေးပင်များမှ အရွက်၊ အခေါက်၊ အမြစ်၊ အသီး၊ အပွင့်များဖြင့် တိုင်းရင်းသားတို့၏ မိရိုးဖလာဆေးနည်းများဖြင့် ဖော်စပ်သုံးစွဲနေကြသည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သင်တန်းတက်ရောက်သည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချသည့် တိုင်းရင်းဆေးပညာရပ်များကို စိတ်ပါဝင်စားစွာလေ့လာမှတ်သားသင်ယူပြီး လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးအတွက် မိမိတို့တတ်ထားသည့် တိုင်းရင်းဆေးပညာဖြင့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်၊ အင်ဂျန်းခရေထိန်းတံခါးနှင့် ရေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုနှင့် ဗလမင်းထင်အမှတ်(၂) တံတားတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ပေါ် ယာယီတိမ်းရှောင်စခန်း (၇)ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား  ဇွန် ၁၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ရေကြီးမြင့်မှ ကာကွယ်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး‌ခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာ မြစ်ကြီးနားမြို့ မြို့တော်ခန်းမသို့သွားရောက်ပြီး မြို့တော်ခန်းမသစ်အား ဘဏ္ဍာနှစ်အလိုက် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီသစ်လွင်ပြီး ရိုးရာအဆင်ဒီဇိုင်းများဖြင့် အဆောက်အဦတည်ဆောက်ပြီးစီးခဲ့မှု အခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသည့် ရေမြောင်းစနစ်၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပေးဝေရေးစနစ်တည်ဆောက်ခြင်း၊ လျှပ်စစ်မီးလိုင်းများ (အတွင်း/အပြင်)တပ်ဆင်ခြင်း၊ လေအေးပေးစက်များတပ်ဆင်ခြင်း၊ မီးသတ်စနစ်တပ်ခြင်း၊ အသံစနစ်တပ်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုမ္ပဏီတာဝန်ရှိသူကတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေလျာထားသတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး…

Read Full News

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ၊ မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း မိုးဘိုင်းဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စွာရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုတစ်ခုတင်သွင်း

မြစ်ကြီးနား ဇွန် ၉           တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။           ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၁)ဦးက လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပြီး ပူတာအိုမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၂) ဦးခေါ်ဆာ၊ မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးနေလင်းစိုးတို့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စိတ္တသုခကျောင်းတိုက်ရှိ ယာယီ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဇွန် ၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ စိတ္တသုခ‌ကျောင်းတိုက် ယာယီတိမ်းရှောင်စခန်းမှ အိမ်ထောင်စုများအား သွားရောက်    တွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အဆိုပါ စခန်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ အိမ်ထောင်စု ၂၄ စု တို့အတွက် စုစုပေါင်းငွေကျပ် ၂၅၃၆၈၀၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၂၄)အိတ်နှင့် စားဆီ (၂၄)ပိဿာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို တင်ပြသည်။           ဆက်လက်၍…

Read Full News

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ နှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး

မြစ်ကြီးနား  ဇွန် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာအသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် အထောက်အကူပြုစေရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသည် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်သူများ၏ သွားလာနေထိုင်မှုအတွက် အရေးပါသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့်အပြင် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ ပိုမိုများပြားလာသည့် အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် တည်းခိုသူများ၏ အချက်အလက်များကို စနစ်တကျ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပဒေရေးရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားနှင့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား  ဇွန် ၈           ကချင်ပြည်နယ်ဥပဒေချုပ်ရုံးကကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများအား ဥပဒေရေးရာအခြေခံသဘောတရားများကို သိရှိနားလည်စေရန် ရည်ရွယ်ဆောင်ရွက်သည့် ဥပဒေရေးရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဥပဒေအသိပညာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်သဘောပေါက်ခြင်းဖြင့် မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းများကို ဥပဒေအမြင်ဖြင့် ရှုမြင်သုံးသပ်ကာ ဆောင်ရွက်တတ်လာစေမည်ဖြစ်သည့်အပြင် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဥပဒေရေးရာပြဿနာများကို ဌာန၏ရည်မှန်းချက်ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေပြီး ဘက်ပေါင်းစုံမှ ပြောင်းလဲရှုမြင်၍ ဖြေရှင်းနိုင်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။           ထို့နောက်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေအသိပညာပြန့်ပွားရေးကို ဥပဒေရေးရာဝန်ကြီးဌာနက အဓိကထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယနေ့ ပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးနှင့် ရာထူးတူပုဂ္ဂိုလ်များကို ရည်ရွယ်ပြုလုပ်ဆွေးနွေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။          …

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီတိမ်းရှောင်မိသားစုများနှင့် ဝန်ထမ်းများအား ဆန်အိတ်များထောက်ပံ့နှင့် မိုင်းနားကျေးရွာ၊ ကျွန်းတောစခန်းသို့ ရွေ့ပြောင်းနေထိုင်ကြသည့် ယာယီတိမ်းရှောင်မိသားစုများအား တွေ့ဆုံအားပေးထောက်ပံ့၊ မုတ်သုံဦး MSME ဈေးရောင်းပွဲတော်အတွင်း ဒေသထွက်ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  ဇွန် ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများစုပေါင်း၍ ကျောင်းဝင်းအတွင်းနှင့် အပြင်ဘက်တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ အနော်ရထာလမ်းမကြီးတစ်လျှောက် လမ်းဘေး ဝဲ/ ယာ တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရမ်ပူရပ်ကွက် သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်းပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း…

Read Full News