ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင် အဂတိတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်ကြရန် လိုကြောင် အဖွင့်အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အခမ်းအနား ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး…