ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါန ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၊ AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဆင်းပွဲနှင့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်
မြစ်ကြီးနား ဇွန် ၁၀ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့အခမ်းအနားနှင့် သံဃာဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ အနန္တသုခ(ရွှေတိဂုံပုံတူ) ဓာတုစေတီတော်၌ ဇွန် ၁၀ ရက် နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ မဟာသမယအခါတော်နေ့ အခမ်းအနားကို စေတီတော်ပုရဝဏ်၌ကျင်းပပြုလုပ်ရာ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ အမှူးပြုသော ဆရာတော်/ သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝတ်အသင်းအဖွဲ့များက ဆရာတော်/သံဃာတော် များထံ ငါးပါးသီးလခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက…