ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်းသား/သမီးများအား ပညာသင်စာရိတ်ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇွန် ၁၃ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/သမီးများအား ပညာသင်စာရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၃ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည့် အဖွဲ့ အစည်းဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ပြည်နယ်အတွင်းနယ်မြေအခြေအနေအရ မြို့နယ်/ မြို့ ရုံးများမှ မြစ်ကြီးနားမြို့တွင် ယာယီလာရောက်တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများအတွက် လည်းကောင်း၊ ထို့အပြင် ပြည်နယ်ရုံးနှင့် မြစ်ကြီးနားမြို့နယ် ရုံးများမှ အရာထမ်း/အမှုထမ်းများ၏ ဝန်ထမ်းသား/ သမီးများအတွက် ပညာစာရိတ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက်…