ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်၁၂၀၀စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာထိ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ စုဖွဲ့ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လျက်ရှိ
မြစ်ကြီးနား ဇွန် ၁ မြန်မာပြည်မြောက်ဖျားပိုင်းနှင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီး ယနေ့ နံနက် ၈ နာရီတွင် မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့ မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ပြီဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးဆောင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ရေဘေးကယ်ဆယ်ရေးစုရပ်နေရာများ ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း/အဖွဲ့များအား စနစ်တကျစုဖွဲ့၍ ရပ်ကွက်အလိုက်…