(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ အရှည်ပေ ၂၅၃၀ ရှိ ဒူဝါဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်
မြစ်ကြီးနား မတ် ၂၃ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော စီတာပူရပ်ကွက်အတွင်းရှိ ဒူဝါ ဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို မတ် ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ် ခဲ့ကြသည်။ ရှေးဦးစွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ယနေ့ ဖွင့်လှစ်မည့် ဒူဝါဇော်ရစ်လမ်း အပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လမ်းတံတား လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး လမ်းသစ်အား တာဝန်ယူဆောင်ရွက်ခဲ့သော White Monolith ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လမ်းလုပ် ငန်းဆိုင်ရာများကို…