ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
မြစ်ကြီးနား မတ် ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတော်က ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ အခမ်းနားကို မတ် ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဘွဲ့တံဆိပ်ရ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်း သိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်…