ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်၊ ယူနန်ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော အရာထမ်း/ အမှုထမ်းများအား အခါအားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား နေ့မအား၊ ညမနား အားကျိုးမာန်တက် တာဝန် သိသိ၊ သစ္စာရှိစွာဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုကို အသိအမှတ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခြင်းဖြစ် ပါကြောင်း၊ ထောက်ပံ့ပေးအပ်မှုသည် မပြောပလောက်သော်လည်း ဝန်ထမ်းမိသားစုများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နောက်နောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အခါအားလျော်စွာ လိုအပ်သည်များ…