ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်
မြစ်ကြီးနား မတ် ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများ မီးဘေးအန္တရာယ် သတိမူစေရေးအတွက် ရပ်ကွက်အလိုက် မီးဘေးလုံခြုံရေးသတိပေးခြင်း၊ စက်ရုံ/အလုပ်ရုံ၊ ဌာန ဆိုင်ရာရုံးများနှင့် ဟိုတယ်များကို စစ်ဆေးသတိပေးခြင်း၊ ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်ခြင်းများကို သန္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်စွာ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မီးလောင်မှုသဘောတရားကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လောင်သည့်မီးကို အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်သမား၏ ဉာဏ်ရည်သည် အဆင့်မြှင့်ပြီး အမြင်ကျယ်ရတော့မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင်…