ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား ဒီဇင်ဘာ ၂၆ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်တော်မွေးနေ့ အချိန်အခါဖြစ်သည့် ဒီဇင်ဘာလတွင် ကချင် ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းများ၌ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော် လာရောက်သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ခရစ္စမတ်လက် ဆောင်များ ဝေငှပေးအပ်ခဲ့ကြပြီး၊ သံစုံတီးဝိုင်း၊ အကအဖွဲ့တို့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခရစ္စမတ်၏ အနှစ်သာရ အနေဖြင့် လူသားတိုင်းအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေပြသပေးရန် ယေရှုခရစ်တော် ကိုယ်တိုင် လူ့ဇာတိကို…