လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဝန်ကြီးဌာန အောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဇန်နဝါရီ ၉ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေ အနေများနှင့်ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။           အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဓာတ်အား ခွဲရုံမှူးများ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) (၄)ရုံးမှ ဝန်ထမ်းများ၊ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံမှူး၊ မဟာဓာတ်အား လိုင်းမှူး(ဝိုင်းမော်)၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား…

Read More

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

မြစ်ကြီးနား        ဇန်နဝါရီ ၉             တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည် နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။             တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သူ/ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ကချင်ပြည်နယ်သည် ယခုလို (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်ချဲ့ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့သော်လည်း မိမိတို့ တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေး ကြီးသလို…

Read More

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၉           ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားကာ ဝန်ထမ်းများ အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။           တွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ထပ်ဆင့်လွှင့်စက်ရုံ)၊ ကိုယ်ပွားသတင်း စာတိုက်(မြစ်ကြီးနား)နှင့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)မှ အရာထမ်း၊ အမှုထမ်းများ၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ ရပ်မိရပ်ဖများ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာရေး ဆရာများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာန(Community Centre) မြစ်ကြီးနားရှိ…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် စုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၉           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုး ရအဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ ကြသည်။           ဖွင့်ပွဲ အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုရန်‌ရောက်ရှိနေ ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၈           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်၊ OSS-၁၂၁/ ၁က၊ ပိတောင်ကွင်း၌ မြစ်ကြီးနားမြို့တွင် အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းမြေနေရာ၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာ လျာထားမြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေဆိပ်ပန်းခြံဥယျာဉ်ဖွင့်လှစ်

မြစ်ကြီးနား     ဇန်နဝါရီ ၈           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ အခမ်းအနား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။           ထို့သို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအား…

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၇           ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည် နယ်နေ့အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဌာနဆိုင်ရာများ၏ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အသစ်ဆောက်လုပ်ပြီးစီးသည့် ရေကူးပြေးလမ်း(၁၀)လမ်းပါ ငြိမ်းချမ်းသာယာ‌ရေကူးကန်နှင့်‌ ရေကူးကန်အဝင်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ မနောကွင်းပုံစံငယ် တည်ဆောက်ထားရှိမှုနှင့် စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် ခင်းကျင်းပြသသွားမည့် ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်ပြခန်းများ…

Read More

မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၆           ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပညာရေးစုံညီပွဲတော် မုခ်ဦးအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ပညာရေးမှူးဦးကြည်စိန်၊ခရိုင်ပညာရေးမှူး ဦးရဲအောင်၊ မြို့နယ်ပညာရေးမှူး ဦးငွားတားနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ကေဒီဆိုင်းပန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။           ယင်းနောက် အဆိုပါကျောင်းရှိ အေးမြသီတာခန်းမ၌ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာအလယ်တန်း လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်လူမှု‌ရေးရာ ဝန်ကြီးဦးဝင်းရဲထွန်းက ‘ဘက်စုံပညာပြည့်ဝသောနိုင်ငံသားကောင်းများ  ပြုစုပေးနိုင်တဲ့ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်/ဆရာမကြီးများ၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဆရာ၊ဆရာမများအနေဖြင့်…

Read More

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၄            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်အလံတင်အခမ်း အနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ဇန်နဝါရီ ၄ ရက်က ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်း ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နိုင်ငံတော် အလံအား အလေးပြုကြသည်။           ထို့နောက် နံနက် ၇ နာရီတွင် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို…

Read More

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရေး စာပေဟောပြောပွဲကျင်းပပြုလုပ်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၃           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရေးနှင့် စာပေကို ဖတ်မှတ်လေ့လာပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ဒေသခံစာရေးဆရာများနှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် မှန်ကန်၍ ဘက်မလိုက်သော ပညာရည် ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာ စေရေး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း…

Read More