ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၂ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုး ရအဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဝိုင်းမော်မြို့နယ်၊ နန့်မြစ်ခချောင်းအနီးရှိ လယ်မြေများပေါ်တွင် မြို့နယ်ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများအသင်းမှ တောင်သူများ၏ လယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာ၊ သွင်းအားစု အကူအညီများဖြင့် ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက်ခင်းများအား GAP စနစ်ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ တောင်ယာသွားလမ်း ခင်းကျင်းပေးနိုင်ရေးနှင့် လိုအပ်သည့်…