ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်
မြစ်ကြီးနား ဇန်နဝါရီ ၃ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစား ပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်အမျိုးသားဘောလုံးပြိုင်ပွဲများ ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် EP အသင်းနှင့် Civil အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ သင်တန်းရေးရာဌာန၊ ဌာနကြီးမှူး နှင့် ဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက အားပေးကြည့်ရှုခဲ့ကြရာ EP အသင်းက Civil အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ် စွဲသည်။ …