ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေးရိုးဗစ်)ပြိုင်ပွဲ၊ နည်းပြဆင့်ပွားသင်တန်းဆင်းပွဲနှင့် (အေးရိုးဗစ်) သင်တန်းဆင်းပွဲ ကျင်းပ
မြစ်ကြီးနား နိုဝင်ဘာ ၂၈ ကချင်ပြည်နယ်အတွင်း အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) မျိုးဆက်သစ် အားကစား မယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဖလား ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေးရိုးဗစ်)ပြိုင်ပွဲနှင့် အေးရိုးဗစ်နည်းပြဆင့်ပွားသင်တန်း၊ အေးရိုးဗစ်သင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံ လေလုံအားကစားခန်းမ၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ပြည်နယ်အမျိုးသမီးအေရိုးဗစ်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင် ပထမတံခွန်စိုက်ဒိုင်းဆုကို ရရှိခဲ့သည့်အတွက် ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သော အားကစားနည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို ဆင့်ပွားသင်တန်း များ၊ ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်ကစားသမားများကို လေ့ကျင့်မွေးထုတ်ပေး နိုင်မည်ဖြစ်သည့်အတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း…