ကချင်ပြည်နယ်၏ အထင်ကရ ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရေးကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား အောက်တိုဘာ ၈ ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းရာ မြစ်ဆုံနေရာသည် ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များလာ ရောက်အပန်းဖြေလည်ပတ်စရာနေရာတစ်ခုဖြစ်သောကြောင့် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအားအဆင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းခွဲမှ တစ်ဆင့် တန်ဖရဲရွာဘေး၌ မြေဧက၂၀ ပေါ်တွင် ကားရပ်နားရန်နေရာနှင့် မြစ်ကမ်းဘေးတွင် အပန်းဖြေနေရာအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည့်နေရာတို့အားလိုက်လံရှင်းလင်းပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် အပန်းဖြေစခန်း အဝင်လမ်းအား လမ်းသားတိုးချဲ့ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ အား မှာကြားခဲ့သည်။ ယင်းနောက် မြစ်ဆုံအပန်းဖြေစခန်းနေရာ၌…